Clannad (Ataki_Fan_Sub)

Clannad
~~~~~~~

Genre – Slice Of Life,Comedy,Romance,Supernatural,School,Drama
Rating – 8/10 (IMDb)
Episode – 24 + 12 + Ova

Translator – Magic
Encoder – ZLH

Opening Song – Megumeru
Ending Song – Dango Daikazoku

Studio – Kyoto Animation

Review By Kage
~~~~~~~~~~~~~~

Main Character (Tomoya Okazakiဆိုတဲ့)အထက်​တန်း​ကျောင်းသားတစ်​ဦးဟာ ဘဝကဘာအဓိပ္ပါယ်​မှမရှိဘူးလို့ ခံယူပြီး ဖြစ်​သလို​နေထိုင်​တတ်​တဲ့​ကျောင်းသားတစ်​ဦးပါ။ မ​မျှော်​လင့်​ထားတဲ့ဖြစ်​ရပ်​တစ်​ခုက​နေအစပြုပြီး မိသားစုပြသနာ​တွေနဲ့ကြုံ​တွေ့​နေရလို့ စိတ်​​လေလွင့်​ကာဘဝကို အဆိုးမြင်​​နေတဲ့လူငယ်​တစ်​ဦးဖြစ်​ပါတယ်​။
ဒါ​ပေမယ့်​ တစ်​​နေ့​ သူ​ကျောင်းလာရာလမ်းမှာ ​Nagisa ဆိုတဲ့ တစ်​နှစ်​ကျ​ကောင်​မ​လေးတစ်​ဦးနဲ့​တွေ့ဆုံခဲ့ပါတယ်​။ အဆိုပါ​ကောင်​မ​လေးက ​ကျောင်းကလပ်​အဖွဲ့တစ်​ခုကို ပြန်​လည်​ဖွဲ့စည်းဖို့ကြိုးစား​နေသူ​လေးဖြစ်​ပြီး အ​ပေါင်းအသင်းမရှိတဲ့​ကောင်​မ​လေးလည်းဖြစ်​​နေပါတယ်​။ Tomoyaအ​နေနဲ့ Nagisaရဲ့ရည်​ရွယ်​ချက်​ကိုဖြစ်​​မြောက်​​အောင်​ ကူညီ​ပေးရင်းနဲ့ တစ်​ခြားသူ​တွေနဲ့ပါတစ်​စတစ်​စနဲ့ ပတ်​သက်​မိလာသလို Nagisaအ​ပေါ်ထူးဆန်းတဲ့ခံစားချက်​​တွေပါ ဖြစ်​တည်​လာပါ​တော့တယ်​။ အဲ့အခါမှာ​တော့ အဲ့ဒီလူ​တွေရဲ့ပြသနာ၊အခက်​အခဲ​တွေနဲ့ ​ပျော်​ရွင်​မှု၊ဝမ်းနည်းမှု​တွေကိုပါ သိမြင်​လာခဲ့ရပြီး ဘဝဆိုတာက တစ်​ခါကသူထင်​ခဲ့သလိုမျိုး အဓိပ္ပါယ်​မဲ့တာမဟုတ်​မှန်း သိခဲ့ရချိန်​မှာ​တော့…

Trailer

Tagged