Konosuba Season 1 (Lazyass_Fansub)

Title : Konosuba Season 1
Subtitle : Myanmar Subtitle
Episodes : 10
Status : Completed
Airing : Winter 2016
Source :
Genres : Adventure, Parody, Supernatural, Magic, Fantasy
Duration : 23 min per ep
Stars : 🌟
Translated by : Lazyass_Fansub

Review :

အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ပေမယ့် ကျောင်းမတက်တဲ့ NEET တစ်ဦးဖြစ်တဲ့ Kazuma Satou ဟာ တစ်ရက်မှာတော့ ဂိမ်းတစ်ခုဝယ်ဖို့အတွက် ထူးထူးဆန်းဆန်းအပြင်ထွက်ခဲ့ပါတယ်။ ဖြစ်ချင်တော့ အဲဒီရက်မှာပဲ လမ်းမှာ ကောင်မလေးတစ်ယောက်ကို ထရပ်ကားတိုက်တော့မယ်အမှတ်နဲ့ ဝင်ကယ်လိုက်တာ သူကကြားထဲက သေဆုံးသွားပါသတဲ့။ သေသွားပြီးနောက်မှာတော့ Aqua ဆိုတဲ့ နတ်ဘုရားမနဲ့ တွေ့ပါတယ်။ အဲဒီနတ်ဘုရားမက သူ့ကို ရွေးချယ်စရာနှစ်ခုပေးပါတယ်။ တစ်ခုကတော့ ကောင်းကင်ဘုံကိုသွားဖို့ဖြစ်ပြီး ကျန်တစ်ခုကတော့ gamer တွေရဲ့ အိပ်မက်လို့ဆိုနိုင်တဲ့ magic တွေ၊ ဘာတွေရှိတဲ့ Parallel World မှာ အသက်ပြန်ရှင်ဖို့ပါပဲ။ အကယ်၍ Kazuma သာ Parallel World ကို သွားမယ်ဆိုရင် နတ်ဘုရားမက Kazuma ကြိုက်တဲ့ဆုတစ်ခုကို တောင်းနိုင်မှာဖြစ်တယ်။ Kazuma ရဲ့ ရွေးချယ်မှုကတော့ နတ်ဖုရား Aqua ကိုပါပဲ။

ဒါပေမယ့် တခြားလောကကိုရောက်သွားတဲ့အခါမှာ နတ်ဖုရားမ Aqua ဟာ Kazuma ထင်ထားသလိုမဟုတ်ပဲ အသုံးမကျတဲ့သူဖြစ်နေမှန်းသိလိုက်ရတဲ့ အခါမှာတော့……….

Trailer

DOWNLOAD HERE

Tagged