True Tears (Lazyass_Fansub)

Title : True Tears 
Subtitle : Myanmar Subtitle
Episodes : 13
Status : Completed 
Airing : Winter 2008
Source : Original
Genres : Drama, Romance, School
Duration : 24 min per ep
Translated by : Lazyass_Fansub

Review :

ကိုယ်တစ်ဖက်သက် စိတ်ဝင်စားနေတဲ့ မိန်းကလေးတစ်ယောက်နဲ့ တစ်မိုးအောက်မှာ အတူနေရတာဟာ နာကာဂမိ ရှင်အိချိရိုအတွက် အိပ်မက်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တကယ်တမ်းမှာတော့ ထင်သလိုမဟုတ်ခဲ့ပါဘူး။
ကျောင်းမှာတော့ ဟီရိုမီဟာ ထက်မြက်တယ်၊ ပါရမီနဲ့ ပြည့်စုံတယ်၊ အားကစားမှာထူးချွန်ပြီးတော့ လူသိများတယ်။ ဒါပေမယ့် အိမ်မှာတော့ဟီရိုမီဟာ လုံးဝဥဿုံ ခြားနားတဲ့သူတစ်ယောက်ဖြစ်ပြီးတော့ မထုံတတ်တေး အေးတိအေးစက်နဲ့သူမဟာ သူမရဲ့နာကြည်းစရာငယ်ဘဝကို ဟန်ဆောင်ဖုံးကွယ်ထားတတ်တဲ့သူပါ။

ကျောင်းမှာတော့ အီဆူရူဂီ နိုအဲဆိုတဲ့ ထူးဆန်းတဲ့ကောင်မလေးဟာ ရုတ်တရက်ကြီး ရှင်အိချိရိုကို စိတ်ဝင်စားသွားတယ်။ နိုအဲဟာ သူသဘောကျတဲ့ ကျောင်းကကြက် ရိုင်ဂိုမာရုဟာပျံနိုင်တယ်လို အခိုင်အမာယုံကြည်ထားသူပါ။ ရှင်အိချိရိုက နိုအဲရဲ့အခက်အခဲကို ကူညီမိရာကနေ နိုအဲ၊ ဟီရိုမီနဲ့ သူ့ရဲ့ငယ်သူငယ်ချင်း အန်ဒိုအု အအိကိုတို့အပေါ်ထားတဲ့ သူ့ရဲ့ခံစားချက်တွေကို နားလည်ဖို့ကြိုးစားရင်းနဲ့ ပုံမှန်မဟုတ်တဲ့ဆက်ဆံရေး စတင်ဖြစ်ပေါ်လာပါတော့တယ်။ ရှင်အိချိရိုတစ်ယောက် ဟီရိုမီရဲ့နှလုံးသားကိုရဖို့ ကြိုးစားနေတဲ့ အတောအတွင်းမှာပဲ ကလေးတွေအတွက် ရုပ်ပြပုံပြင်စာအုပ်ဆက်ရေးဖို့ အားထုတ်နေခဲ့တယ်။ ထင်မှတ်မထားဘဲ ဒီနှစ်မျိုးလုံးအတွက် နိုအဲဟာ အရေးပါတဲ့သူဖြစ်နေမှန်း သိလိုက်ရတဲ့အခါမှာတော့…..

Trailer

Tagged